အခန်း (၁၇) ( ပုဒ်မ ၃၇၈_ ပုဒ်မ ၄၆၂) - ပစ္စည်းကိုထိခိုက်သည့် ပြစ်မှုများ
ပုဒ်မ ၃၇၈
ခိုးမှု
ပုဒ်မ ၃၇၉
ခိုးမှုအတွက်ပြစ်ဒဏ်
ပုဒ်မ ၃၈၀
နေအိမ် စသည်တို့အတွင်းတွင် ခိုးမှု
ပုဒ်မ ၃၈၁
စေခိုင်းသူ၏ လက်ရှိပစ္စည်းကို စာရေး သို့မဟုတ် အစေခံက ခိုးမှု
ပုဒ်မ ၃၈၂
ခိုးမှုကိုကျူးလွန်ရန်အလို့ငှာ သေစေရန်ဖြစ်စေ၊ နာကျင်စေရန်ဖြစ်စေ၊ တားဆီးရန်ဖြစ်စေ ပြင်ဆင်ပြီးမှ ကျူးလွန်သော ခိုးမှု
ပုဒ်မ ၃၈၃
ခြောက်လှန့်တောင်းယူမှု
ပုဒ်မ ၃၈၄
ခြောက်လှန့်တောင်းယူမှုအတွက် ပြစ်ဒဏ်
ပုဒ်မ ၃၈၅
ခြောက်လှန့် တောင်းယူမှုကို ကျူးလွန်ရန်သူတစ်ဦးအား ထိခိုက်နစ်နာစေမည်ဟု ကြောက်ရွံ့အောင်ပြုခြင်း
ပုဒ်မ ၃၈၆
သူတစ်ဦးအား သေစေမည်ဟု သို့မဟုတ် အပြင်းအထန်နာကျင်စေမည်ဟု ကြောက်ရွံ့အောင် ပြု၍ ခြောက်လှန့် တောင်းယူမှု
ပုဒ်မ ၃၈၇
ခြောက်လှန့်တောင်းယူမှုကို ကျူးလွန်ရန်သူတစ်ဦးအား သေစေမည်ဟု သို့မဟုတ် အပြင်းအထန် နာကျင်စေမည်ဟု ကြောက်ရွံ့အောင်ပြုခြင်း
ပုဒ်မ ၃၈၈
သေဒဏ်၊ ထောင်ဒဏ်နှစ်နှစ်ဆယ် စသည့် ပြစ်ဒဏ်ချမှတ်ခြင်း ခံထိုက်သော ပြစ်မှုမျိုးနှင့် စွပ်စွဲမည်ဟု ခြိမ်းခြောက်၍ ခြောက်လှန့်တောင်းယူမှု
ပုဒ်မ ၃၈၉
ခြောက်လှန့်တောင်းယူမှုကို ကျူးလွန်ရန် သူတစ်ဦးအား ပြစ်မှုနှင့်စွပ်စွဲမည်ဟု ကြောက်ရွံ့အောင်ပြုခြင်း
ပုဒ်မ ၃၉၀
လုယက်မှု
ပုဒ်မ ၃၉၁
ဓားပြမှု
ပုဒ်မ ၃၉၂
လုယက်မှုအတွက် ပြစ်ဒဏ်
ပုဒ်မ ၃၉၃
လုယက်မှု ကျူးလွန်ရန် အားထုတ်မှု
ပုဒ်မ ၃၉၄
လုယက်မှု ကျူးလွန်ရာတွင် မိမိအလိုအလျောက် နာကျင်စေမှု
ပုဒ်မ ၃၉၅
ဓားပြမှုအတွက် ပြစ်ဒဏ်
ပုဒ်မ ၃၉၆
လူသတ်မှုပါသော ဓားပြမှု
ပုဒ်မ ၃၉၇
သေစေရန်ဖြစ်စေ၊ အပြင်းအထန်နာကျင်စေရန်ဖြစ်စေ အားထုတ်မှုပါသော လုယက်မှု သို့မဟုတ် ဓားပြမှု
ပုဒ်မ ၃၉၈
*********************************************************************************************************
ပုဒ်မ ၃၉၉
ဓားပြမှုကို ကျူးလွန်ရန် ပြင်ဆင်မှု
ပုဒ်မ ၄၀၀
ဓားပြဂိုဏ်း၌ ပါဝင်သူအတွက် ပြစ်ဒဏ်
ပုဒ်မ ၄၀၁
သူခိုးဂိုဏ်း၌ ပါဝင်သူအတွက် ပြစ်ဒဏ်
ပုဒ်မ ၄၀၂
ဓားပြမှုကျူးလွန်ရန်စုဝေးမှု
ပုဒ်မ ၄၀၃
ပစ္စည်းကို မရိုးမဖြောင့်သော သဘောဖြင့် အလွဲသုံးစားမှု
ပုဒ်မ ၄၀၄
သေစဉ်ကကျန်ရစ်ခဲ့သည့် သေသူလက်ရှိပစ္စည်းကို မရိုးမဖြောင့်သောသဘောဖြင့်အလွဲ သုံးစားပြုမှု
ပုဒ်မ ၄၀၅
ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု
ပုဒ်မ ၄၀၆
ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုအတွက် ပြစ်ဒဏ်
ပုဒ်မ ၄၀၇
သယ်ဆောင်သူ စသည်တို့က ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု
ပုဒ်မ ၄၀၈
စာရေးကဖြစ်စေ၊ အစေခံကဖြစ်စေ၊ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု
ပုဒ်မ ၄၀၉
ပြည်သူ့ဝန်ထမ်းကဖြစ်စေ၊ ဘဏ်လုပ်ငန်းရှင်ကဖြစ်စေ၊ ကုန်သည်ကဖြစ်စေ၊ ကိုယ်စားလှယ်ကဖြစ်စေ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု
ပုဒ်မ ၄၁၀
ခိုးရာပါပစ္စည်း
ပုဒ်မ ၄၁၁
ခိုးရာပါပစ္စည်းကို မရိုးမဖြောင့်သော သဘောဖြင့် လက်ခံခြင်း
ပုဒ်မ ၄၁၂
ဓားပြမှု ကျူးလွန်ရာတွင် ရရှိသည့် ခိုးရာပါပစ္စည်းကို မရိုးမဖြောင့်သောသဘောဖြင့် လက်ခံခြင်း
ပုဒ်မ ၄၁၃
ခိုးရာပါပစ္စည်းကို အမြဲတစေ ရောင်းဝယ်ဆက်ဆံခြင်း
ပုဒ်မ ၄၁၄
ခိုးရာပါပစ္စည်းကို ဝှက်ထားရာတွင် ကူညီခြင်း
ပုဒ်မ ၄၁၅
လိမ်လည်မှု
ပုဒ်မ ၄၁၆
သူတစ်ပါးအယောင်ဆောင်၍ လိမ်လည်ခြင်း
ပုဒ်မ ၄၁၇
လိမ်လည်မှုအတွက် ပြစ်ဒဏ်
ပုဒ်မ ၄၁၈
ပြစ်မှုကျူးလွန်သူသည် မိမိက ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသူအကျိုးကို မတရားသဖြင့် ဆုံးရှုံးခြင်း ဖြစ်စေမည်ကို သိလျက်နှင့် လိမ်လည်ခြင်း
ပုဒ်မ ၄၁၉
သူတစ်ပါးအယောင်ဆောင်၍ လိမ်လည်မှုအတွက် ပြစ်ဒဏ်
ပုဒ်မ ၄၂၀
ပစ္စည်းကို ပေးအပ်စေရန် လိမ်လည်၍ မရိုးမဖြောင့်သောသဘောဖြင့် သွေးဆောင်ခြင်း
ပုဒ်မ ၄၂၁
စာချုပ်စာတမ်းကို လိမ်လည်လှည့်ဖြားချုပ်ဆိုခြင်းနှင့် ပစ္စည်းကို လိမ်လည်လှည့်ဖြား စီမံခန့်ခွဲခြင်း
ပုဒ်မ ၄၂၂
မြီရှင်များရရှိနိုင်သော အကြွေးပေးဆပ်ခြင်းကို မရိုးမဖြောင့်သောသဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြား လိုသောသဘောဖြင့်ဖြစ်စေ တားဆီးခြင်း
ပုဒ်မ ၄၂၃
အဖိုးစားနားကို မဟုတ်မမှန် ဖော်ပြခြင်းပါရှိသော အပြောင်းအလွှဲစာချုပ်စာတမ်းကို မရိုးမဖြောင့်သော သဘောဖြင့်ဖြစ်စေ၊လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့်ဖြစ်စေ ချုပ်ဆိုခြင်း
ပုဒ်မ ၄၂၄
မရိုးမဖြောင့်သောသဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့်ဖြစ်စေ ပစ္စည်းကို ဖယ်ရှား ခြင်း သို့မဟုတ် ဝှက်ထားခြင်း
ပုဒ်မ ၄၂၅
အကျိုးဖျက်ဆီးမှု
ပုဒ်မ ၄၂၆
အကျိုးဖျက်ဆီးမှုအတွက် ပြစ်ဒဏ်
ပုဒ်မ ၄၂၇
တန်ဖိုးငွေငါးထောင်ကျပ် သို့မဟုတ် ယင်း၏အထက် ပျက်စီးနစ်နာစေသော အကျိုးဖျက်ဆီးမှု
ပုဒ်မ ၄၂၈
တန်ဖိုးငွေတစ်ထောင်ကျပ် သို့မဟုတ် ယင်း၏အထက် တန်ဖိုးရှိသော တိရစ္ဆာန်ကို သတ်ဖြတ်ခြင်းဖြင့် သော်လည်းကောင်း၊ အင်္ဂါပျက်ယွင်းစေခြင်းဖြင့်သော်လည်းကောင်း အကျိုးဖျက်ဆီးမှု
ပုဒ်မ ၄၂၉
တန်ဖိုးမည်မျှထိုက်တန်စေကာမူ ကျွဲ၊ နွားတိရိစ္ဆာန် စသည်တို့ကိုသော် လည်းကောင်း၊ ငါးထောင်ကျပ် သို့မဟုတ် ယင်း၏ အထက်တန်ဖိုးရှိသော တိရိစ္ဆာန်ကိုသော်လည်းကောင်း သတ်ခြင်းဖြင့် သို့မဟုတ် အင်္ဂါပျက်ယွင်းစေခြင်းဖြင့် အကျိုးဖျက်ဆီးမှု
ပုဒ်မ ၄၃၀
ရေသွယ်လုပ်ငန်းကိုဖျက်ဆီးခြင်းဖြင့်သော်လည်းကောင်း၊ ရေကြောင်းကို မတရားလွှဲဖယ်ခြင်းဖြင့် သော်လည်းကောင်း အကျိုးဖျက်ဆီးမှု
ပုဒ်မ ၄၃၁
အများပြည်သူသွားလာရာလမ်း၊ တံတား၊ မြစ်၊ ချောင်း၊ တူးမြောင်းများကိုဖျက်ဆီးခြင်းဖြင့် အကျိုး ဖျက်ဆီးမှု
ပုဒ်မ ၄၃၂
အများပြည်သူနှင့်သက်ဆိုင်သည့် ရေသွားလမ်းကို ရေလွှမ်းစေခြင်းဖြင့်ဖြစ်စေ၊ ပိတ်ဆို့စေခြင်းဖြင့်ဖြစ်စေ ဆုံးရှုံးခြင်းကို ဖြစ်စေသော အကျိုးဖျက်စီးမှု
ပုဒ်မ ၄၃၃
မီးပြတိုက်ကို သို့မဟုတ် ပင်လယ်အမှတ်အသားကို ဖျက်ဆီးခြင်းဖြင့်ဖြစ်စေ၊ ရွှေ့ပြောင်းခြင်းဖြင့်ဖြစ်စေ၊ အသုံးဝင်မှုလျော့ပါးစေခြင်းဖြင့်ဖြစ်စေ အကျိုးဖျက်ဆီးမှု
ပုဒ်မ ၄၃၄
ပြည်သူ့အာဏာပိုင်က စိုက်ထူထားသော မြေမှတ်တိုင်ကို ဖျက်ဆီးခြင်း သို့မဟုတ် ရွှေ့ပြောင်းခြင်း စသည်တို့ကို ပြုလုပ်ခြင်းဖြင့် အကျိုးဖျက်ဆီးမှု
ပုဒ်မ ၄၃၅
တန်ဖိုးငွေတစ်သောင်းကျပ် သို့မဟုတ် ယင်း၏အထက်တန်ဖိုး သို့မဟုတ် စိုက်ပျိုးရေးလုပ်ငန်းထွက် ပစ္စည်းဖြစ်လျှင် တန်ဖိုးငွေ တစ်ထောင်ကျပ် သို့မဟုတ် ယင်း၏အထက်တန်ဖိုးကိုဆုံးရှုံးစေရန် ကြံရွယ် ချက်ဖြင့် မီးဖြင့်သော်လည်းကောင်း၊ ပေါက်ကွဲတတ်သောအရာဖြင့်သော်လည်းကောင်း အကျိုးဖျက်ဆီးမှု
ပုဒ်မ ၄၃၆
အိမ်အစရှိသည်တို့ကို ဖျက်ဆီးရန်ကြံရွယ်၍ မီးဖြင့် သို့မဟုတ် ပေါက်ကွဲတတ်သောအရာဖြင့် အကျိုး ဖျက်ဆီးမှု
ပုဒ်မ ၄၃၇
ကုန်းပတ်ပါရှိသောရေယာဉ်ကို သို့မဟုတ် ဝန်စည်တန်ချိန် နှစ်ဆယ် သို့မဟုတ် ယင်း၏အထက် တင်ဆောင်နိုင်သော ရေယာဉ်ကိုပျက်စီးစေရန်ဖြစ်စေ၊ ဘေးမကင်းစေရန်ဖြစ်စေ ကြံရွယ်၍ အကျိုးဖျက်ဆီးမှု
ပုဒ်မ ၄၃၈
မီးဖြင့် သို့မဟုတ် ပေါက်ကွဲတတ်သောအရာဖြင့် ကျူးလွန်သည့် ပုဒ်မ ၄၃၇ တွင် ဖော်ပြထားသော အကျိုးဖျက်ဆီးမှုအတွက်ပြစ်ဒဏ်
ပုဒ်မ ၄၃၉
ခိုးမှုအစရှိသည့်ပြစ်မှုကို ကျူးလွန်ရန်ကြံရွယ်ချက်ဖြင့် ရေယာဉ်ကို တမင်သောင်တင်စေသည့်အတွက် သို့မဟုတ် ကမ်းတင်စေသည့်အတွက် ပြစ်ဒဏ်။
ပုဒ်မ ၄၄၀
သေစေမှုအတွက် သို့မဟုတ် နာကျင်စေမှုအတွက် ပြင်ဆင်ပြီးနောက် ကျူးလွန်သည့် အကျိုးဖျက်ဆီးမှု
ပုဒ်မ ၄၄၁
ရာဇဝတ်မကင်းသော ကျော်နင်းမှု
ပုဒ်မ ၄၄၂
အိမ်ကျော်နင်းမှု
ပုဒ်မ ၄၄၃
ပုန်းလျှိုးအိမ်ကျော်နင်းမှု
ပုဒ်မ ၄၄၄
ညဉ့်အချိန် ပုန်းလျှိုးအိမ်ကျော်နင်းမှု
ပုဒ်မ ၄၄၅
အိမ်ဖောက်ထွင်းမှု
ပုဒ်မ ၄၄၆
ညဉ့်အချိန် အိမ်ဖောက်ထွင်းမှု
ပုဒ်မ ၄၄၇
ရာဇဝတ်မကင်းသော ကျော်နင်းမှုအတွက် ပြစ်ဒဏ်
ပုဒ်မ ၄၄၈
အိမ်ကျော်နင်းမှုအတွက် ပြစ်ဒဏ်
ပုဒ်မ ၄၄၉
သေဒဏ်ထိုက်သည့် ပြစ်မှုကို ကျူးလွန်ရန် အိမ်ကျော်နင်းမှု
ပုဒ်မ ၄၅၀
ထောင်ဒဏ်နှစ် နှစ်ဆယ်ထိုက်သည့်ပြစ်မှုကျူးလွန်ရန် အိမ်ကျော်နင်းမှု
ပုဒ်မ ၄၅၁
ထောင်ဒဏ်ထိုက်သည့် ပြစ်မှုကို ကျူးလွန်ရန် အိမ်ကျော်နင်းမှု
ပုဒ်မ ၄၅၂
နာကျင်စေမှု၊ လက်ရောက်မှု သို့မဟုတ် မတရားတားဆီးမှုကို ကျူးလွန်ရန် ပြင်ဆင်၍ အိမ်ကျော်နင်းမှု
ပုဒ်မ ၄၅၃
ပုန်းလျှိုးအိမ်ကျော်နင်းမှုအတွက် သို့မဟုတ် အိမ်ဖောက်ထွင်းမှုအတွက် ပြစ်ဒဏ်
ပုဒ်မ ၄၅၄
ထောင်ဒဏ်ထိုက်သည့် ပြစ်မှုကိုကျူးလွန်ရန် ပုန်းလျှိုးအိမ်ကျော်နင်းမှု သို့မဟုတ် အိမ်ဖောက်ထွင်းမှု
ပုဒ်မ ၄၅၅
နာကျင်စေမှု၊ လက်ရောက်မှု သို့မဟုတ် မတရားတားဆီးမှုကို ကျူးလွန်ရန် ပြင်ဆင်ပြီးနောက် ပုန်းလျှိုးအိမ်ကျော်နင်းမှု သို့မဟုတ် အိမ်ဖောက်ထွင်းမှု
ပုဒ်မ ၄၅၆
ညဉ့်အချိန် ပုန်းလျှိုး အိမ်ကျော်နင်းမှု သို့မဟုတ် ညဉ့်အချိန် အိမ်ဖောက်ထွင်းမှုအတွက် ပြစ်ဒဏ်
ပုဒ်မ ၄၅၇
ထောင်ဒဏ်ထိုက်သည့်ပြစ်မှုကို ကျူးလွန်ရန် ညဉ့်အချိန် ပုန်းလျှိုးအိမ်ကျော်နင်းမှု သို့မဟုတ် ညဉ့်အချိန် အိမ်ဖောက်ထွင်းမှု
ပုဒ်မ ၄၅၈
နာကျင်စေမှု၊ လက်ရောက်မှု သို့မဟုတ် မတရားတားဆီးမှုကျူးလွန်ရန် ပြင်ဆင်ပြီးနောက် ညဉ့်အချိန် ပုန်းလျှိုးအိမ်ကျော်နင်းမှု သို့မဟုတ် ညဉ့်အချိန် အိမ်ဖောက်ထွင်းမှု။
ပုဒ်မ ၄၅၉
ပုန်းလျှိုးအိမ်ကျော်နင်းမှုကိုဖြစ်စေ၊ အိမ်ဖောက်ထွင်းမှုကိုဖြစ်စေ ကျူးလွန်စဉ် အပြင်းအထန်နာကျင်စေမှု
ပုဒ်မ ၄၆၀
ညဉ့်အချိန် ပုန်းလျှိုးအိမ် ကျော်နင်းမှုကို သို့မဟုတ် ညဉ့်အချိန် အိမ်ဖောက်ထွင်းမှုကို ကျူးလွန်ရာ၌ တွဲဖက်ပါဝင်သူများထဲမှ တစ်ဦးဦးကသေစေမှုကိုသော်လည်းကောင်း၊ အပြင်းအထန်နာကျင်စေမှုကို သော်လည်းကောင်း ဖြစ်စေလျှင် ထိုတွဲဖက်ပါဝင်သူများအားလုံး ခံထိုက်သောပြစ်ဒဏ်။
ပုဒ်မ ၄၆၁
ထည့်စရာကို မရိုးမဖြောင့်သောသဘောဖြင့်ဖောက်ဖွင့်မှု
ပုဒ်မ ၄၆၂
သိုလှောင်ထိန်းသိမ်းခြင်း အပ်နှံခံရသူက အလားတူ ပြစ်မှုမျိုးကို ကျူးလွန်သည့်အခါ ချမှတ်ရမည့် ပြစ်ဒဏ်